Jump to content

Creative Commons

ဝီကီးပီးဒီးယား က

Creative Commons လိုင်စင်ကို ၂၀၀၁ ခုနှစ်မာ Lawrence Lessig စတင်ပြုလုပ်ခပါရေ။ ယင့်ချင့်လိုင်စင်အများစုရဲ့ ရည်ရွယ်ချက်မှာ အွန်လိုင်း Creative (ဖန်တီးမှု) နန့်ပတ်သတ်၍ အလွယ်ကာသားဖတ်ရှုနိုင်ရန် ဖြိုက်ပါရေ။ ယင့်ချင့် လိုင်စင်အရွီတိတွင် Some rights reserved ဟုသော စကားစုမှာနီပါဝင်လိဟိရေ။ မတူညီကတ်လတ် Creative Commons လိုင်စင် ၆ မျိုး ဟိပါရေ။ ယင့်ချင့်လိုင်စင်တိစွာ အများဆုံးအသုံးပြုနီကတ်လတ် လိုင်စင်အမျိုးအစားတိ ဖြစ်ကတ်ပါရေ။ ယင့်ချင့်လိုင်စင်ကိုယ်လေ့ တချို့အချက်တိဖြည့်စွက်၍ကေလည်းကောင်း၊ ပြင်ဆင်၍ကေလည်းကောင်း လိုင်စင်အသစ်တစ်ခုအနိန်နန့် ပြုလုပ်ပိုင်ခွင့်ဟိပါရေ။ Creative Commons Licenses ဟာ တရားစီရင်ရာနီရာဒေသပေါ်မူတည်ပြီး ကွဲပြားခြားနားနိုင်ပိုင် တစ်ကမ္ဘာလုံးမှာတတူတူလည်း ဖြစ်နှိုင်ပါရေ။

အခြီခံ Creative Commons လိုင်စင်ကို CC attribution လို့ခေါ်ပါရေ။ ကူးယူခြင်း ၊ ပြင်ဆင်ခြင်းနန့် ပြန်ပနာထုတ်ဝီခြင်း (စီးပွားဖြစ်ဆိုကေတောင်) ကို ခွင့်ပြုထားပါရေ။

CC Attribution ဖဖြောင့်လိုင်စင်ကို CC Attribution share-alike အဖြစ်ချဲ့ထွင်နှိုင်ပါရေ။ အထက်က သတ်မှတ်ချက်တိနန့် အားနုန်းတတူပါရာ။ ကွဲပြားခြားနားစွာကတော့ ယင့်ချင့် work ကမှဆင်းသက်လာရေ တနည်းအားဖြင့် ယင့်ချင့် work ကိုအမှီပြုပနာဆင်းသက်လာရေ work တိစွာ မူရင်း share alike လိုင်စင်တိကဲ့သို့ မူလဘူတ work ရဲ့ ဂုဏ်သတ္ပုံတိကို လိုက်နာရဖို့ဖြစ်တေ။ နာမည်ကျော်အွန်လိုင်းစွယ်စုံကျမ်း Wikipedia စွာ ၎င်းရဲ့ content တိကို အထက်ပါလိုင်စင်ဖြင့် ပြဋ္ဌာန်းထားရေ။

ကျန်ရေလေးဂုကတော့

CC Attribution-NoDerivs

ပြန်ပနာမျှဝီခြင်းကိုခွင့်ပြုပါရေ။ ယင်းပိုင်ပြုလုပ်ဖို့အတွက် မူရင်း ပိုင်သျှင်နာမည်ကို credit ပီးရမည်ဖြစ်တေ။ ယကေလေ့ ပြန်ပနာပြင်ဆင်ခွင့်မဟိပါ။

CC Attribution-NonCommercial

အားလုံးကိုခွင့်ပြုထားပါရေ။ ယကေလေ့ စီးပွားရီးအရ အသုံးချတာမဖြစ်ရပါကား။

CC Attribution-NonCommercial-ShareAlike

အထက်ကအတိုင်းပါရာ။ ယကေလေ့ ဆင်းသက်လာရေ လိုင်စင်တိစွာ မူရင်းလိုင်စင်တွင်လိုက်နာရေ အချက်တိအားလုံးကိုလိုက်နာရဖို့ဖြစ်တေ။

CC Attribution-NonCommercial-NoDerivs

စီးပွားရီးအတွက်မဟုတ်ရအခါမှာ ပြန်ပနာဖြန့်ချိခြင်းကိုခွင့်ပြုပါရေ။ ယကေလေ့ ပြန်ပနာပြင်ဆင်ခွင့်မပြု။

အထက်ကဖော်ပြရေအနှုန်း လိုင်စင်ခြောက်ခုလုံးမာ တူညီတဲ့အချက်ကတော့ မူရင်းပိုင်သျှင်ကို credit သို့မဟုတ် attribution ပီးရမယ့်အချက်ပါရာ။

ယေဇုနန့် သင့်အနိန်နန့် ယင့်ချင့် work ရဲ့နာမည် ၊ copyright အသိပီးစာ နန့်လိုင်စင်နာမည်ရို့ပါဝင်ရဖို့ဖြိုက်ပါရေ။ ဥပမာအနိန်နန့်

   This work includes the photo “Photo’s Title,” available under a Creative Commons Attribution license, © Author’s Name.

အထက်က လိုင်စင် တွေအပြင် CC0 လို့ခေါ်လတ် owner တိက လျှော့ပေါ့သတ်မှတ်ထားရေ လိုင်စင်တိလည်းဟိပါရေ။ သူကတော့ public domain လိုပိုင်ရာ။ သူအောက်မာကတော့ “no rights reserved” လို့ရီးထားလေ့ဟိပါရေ။ Creative Commons လိုင်စင်တိစွာ သျှင်းလင်းပြီးဖတ်ရလွယ်ကူပါရေ။ အထက်မာဖော်ပြထားရေအတိုင်း Wikipedia ဟာ ShareAlike လိုင်စင်ကိုသုံးပါရေ။ နာမည်ကြီး images hosting တစ်ခုဖြစ်တဲ့ Flickr ကလေ့ ဓာတ်ပုံတိအတွက်ကို Creative Commons လိုင်စင်ကိုသုံးပါရေ။ သင်အနိန်နန့်လည်း စိတ်သန့်သန့်နန့် Creative Commons လိုင်စင်အောက်ကဟာတိကိုပဲအသုံးပြုချင်ရေ ဂူဂယ် ကနိန်တဆင့်ရှာချင်ရေဆိုကေလေ့ ဒေမာဖြေထားစွာဟိပါရေ။